မင်းပြောတာ မှားသွားပြီ


၁။
မင်းပြောတော့ တမာချိုမှ
အနောက်ဘက်မှာ နေထွက်မှ
ငါက ပြောင်းလဲမယ်ဆို......
၂။
မင်းပြောတော့ သပြေညိုမှ
ပုရွက်ဆိတ်လေး ဆင်လောက်ထွားမှ
ငါက မုန်းနိုင်မယ်ဆို...
Cho...
မင်းပြောတာ မှားသွားပြီ
မင်းပြောတာ အားလုံးမှားကုန်ပြီ
မင်းပြောသမျှ ဘာတစ်ခုမှ ဖြစ်မလာဘူး
မင်းပဲ ပြောင်းလဲသွားတယ်..
၃။
မင်းပြောတော့ ပိတောက်ဝါညိုမှ
ဓူဝံကြယ်လေး တောင်ဘက်ထွက်မှ
ငါက မေ့နိုင်မယ်ဆို....
ပျော်ရွှင်နိုင်ပါစေ....လင်းတန်း

0 comments:

Post a Comment