ချစ်မေမေ...သို့




မေမေ....အမေ့နို့ရည်ချိုချို သားလေးစို့ကာလေ

သားလူလား မြောက်ပါပြီ.....မေ

မေမေ...ရန်လိုထိုးနှက် ရင်ကိုကုပ်ခြစ်

မရမချင်း ပူဆာတတ်သူ

သားဆိုးပါ ချစ်မေမေရယ်။

ပုပ်စပ်နံစော်နေလည်း မငြိုငြင်ဘဲ

သားဆိုးပါးပြင် မွှေးမွှေးပေးသူ

ချစ်သောမေမေပါ။


အမှားကိုပြင် အမှန်မြင်တတ်ဘို့


နေ့စဉ်ဆုံးမ လမ်းမှန်ညွှန်သူ


ချစ်မေမေပါ....


ခုတော....အမေ့အေးရိပ်ကို တမ်းတမျှော်ကာ

လွမ်း၍ငိုကာ မျက်ရည်ပေါင်းနဲ့

ပေးဆပ်နေတုန်း သင်ယူနေတုန်း

ဘ၀ရဲ. သင်ခန်းစာတွေ။

မေ....သားဆိုးခဲ့သမျှ မိုက်ခဲ့သမျှ

ခွင့်လွှတ်ပါမေမေရယ်။

အမြဲတမ်း ပူဇော်ခွင့်မရခဲ့ရင်လည်း

တစ်သက်မှာ တစ်ခါတစ်ခေါက်လောက်တော့

မေမေရဲ.ရှေ.တော်မှောက်မှာ သားဆိုးထိုင်ကာလေ

ရှိခိုးဦးချကန်တော့လိုက်ချင်တယ်။ ။

ဖေဖေနဲ့မေမေကိုသတိရလျက်...ဆလိုင်းလင်းတန်း

1 comments:

Anonymous said...

ခံစားချက်ပြည့်ဝလှတဲ့ ကဗျာလေးပါ။ စာသားလေးတွေက ဖတ်ရတာ ကလေးငယ် တစ်ယောက်ဘဝကို ရောက်သွားစေပြီး အမေ့အပေါ်ပို
ပြီး တမ်းတ ချစ်သနားရပါတယ်..။

Post a Comment