မုန်တိုင်းကြီး




၁။မုန်တိုင်းကြီး ငါ့ရင်ကို ထိုးဖောက်မွှေနေသလား
ရှင်သန်ခြင်းတွေ အားလုံး ပြိုလဲသွား
ရည်မှန်းချက်တွေ အားလုံး ပျက်စီးသွား
ငါ့ဘ၀ယိုင်လဲသွား......

Cho...မင်းကြောင့် ငါ့ဘ၀ ပျက်စီးသွား
မင်းကြောင့် ငါ့ဘ၀ ငိုကြွေးခဲ့
ငါ့မှာမျှော်လင့်ခြင်းတွေမရှိတော့ဘူး
ငါဘယ်လို အသက်ဆက်ရှင်မလဲ...


၂။မုန်တိုင်းကြီး ငါ့ဘ၀ကို တိုက်ခတ်ဖျက်ဆီးသလား
ပျော်ရွှင်ခြင်းတွေ အားလုံးပျောက်ဆုံးသွား
မျှော်လင့်ခြင်းတွေ အားလုံးပျက်စီးသွား
ငါ့ဘ၀မှောင်မဲ သွား


စာရေးသူ၏ အမှာစာ
ဒီစာလေးကတော့ ကဗျာ မဟုတ်ပါဘူး။ကျွန်တော့်ရဲ့အပေါစား
ကိုယ်ပိုင်သံစဉ် သီချင်းစာသားလေးပဲ ဖြစ်ပါတယ်။ဒီဆိုက်လေးမှာ
လာလည်သူ သူငယ်ချင်းရယ် စာတိုလေးလိုသဘောထားပြီး ဖတ်လိုက်ပါ။
အခြေအနေ ပေးရင် နောက်မှာ အသံဝေးဝေး ချင်းသံလေးနဲ့ တင်
ပေးပါ့မယ်။မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်လို့ ရေဒီယိုမှာ ခဏခဏ ကြားရ
TVခဏခဏ မြင်တဲ့ချိန် ရင်းထဲက ထွက်လာတဲ့ သီချင်းလေး ဖြစ်ပါတယ်။
သီချင်းထွက်လာဖို့တော့ မသေချာဘူး......

0 comments:

Post a Comment